Friday, March 30, 2012

ဝေဒနာ တစ်ချို့

ဒီနေ့...
ညနေပိုင်းဆိုပါတော့ ………………………
ငါ့စိတ်ထဲမာ ဟာတာတာနဲ့ ဘာဖြစ်နေတာလဲပေါ့။ ငါသိလိုက်တယ် ညနေတိုင်း ငါ့ဆီကို လာပြိးစကာပြောနေတဲ့ ကောင်မလေးတစ်ယောက် ပြန်သွားတယ်တဲ့..
သူနေတဲ့ နယ်မြို့လေးတစ်မြို့ကိုလေ…..

ငါသူနဲ့ ၄၊၅ရက်လောက်ပဲ စကားပြောလိုက်ရတာပါ.. vzo လည်းပြောဖြစ်ကြတယ်.. တော်တော်လေးခင်သွားတယ်ပေါ့….
သူလည်းဒိနေ့အစောကြီးလိုင်းပေါ်ဝင်လာတယ်..
ထမင်းစားမလာပဲနဲ့ ငါနဲ့စကာတွေပြောနေတာ.. 
၃နာရီလောက်မှ ပြန်သွားတယ်…………………….
သေချာပါတယ်.. သူ့မှာလည်း သံယောဇဉ် အစွန်းတစတော့ဖြစ်သွားမယ်လို့. ငါယုံကြည်တယ်.. ဒါပဲလေ.. လူတိုင်း ဘယ်လိုအမုဒယ ကြိုးမျိုး၊ သံယောဇဉ် နှောင်ကြိုးမျိုးကိုမှ တောင့်မခံနိုင်ကြဘူးဆိုတာ ငါကောင်းကောင်းကြီးသဘောပေါက်တာပေါ့.
ငါ ဒီမှာ စာသင်ရဦးမယ် ရှီးရှီးရယ်.. 
မင်းပြေတာ ယှ်အဲနဲ ဆိုတဲ့အသံလေးကို ငါအမြဲသတိရနေမာပါ.. 


ရင်ထဲကလာတဲ့ ဖြေဆေးတစ်ခွက်

ဒါဟာ ငါ့ရဲ့ ရင်ထဲက ဝေဒနာတစ်ချို့ကို  ပထမဆုံးဖွင့်ထုတ်လိုက်တဲ့ နေရာတစ်ခုပေါ့
ရင်ထဲမာ ခံစားနေရတာတွေကို ဘယ်နေရာမှာ သိမ်းဆည်းလိုက်ရမလဲ .... ငါအမျိုးမျိုး
စဉ်းစားမိတယ်.. စာအုပ်ထဲမှာ ချမရေးချင်ဘူး
ကိုယ်ပိုင်နေရာလေး တစ်ခုလိုချင်ခဲ့တယ်. ဒါနဲ့ ဒီဘလော့ခ်လေးကို လုပ်ဖြစ်သွားတယ်။

ကိုယ့်ဘလော့ခ်လေးရှိလာတော့စိတ်ထဲမာပျော်သလိုဖြစ်လာတယ်..
ရင်ထဲမာ ရှိသမျှအားလုံးကိုဖွင့်ချလိုက်မယ်ပေါ့..
ဒီဘလော့ခ်လေးမှာ..  အားလုံးကိုတင်မယ်စိတ်ကူးတယ် . လူမှုရေး.. ပညာရေး .. ကျမ်းမာ
ရေး.. အရေးအားလုံး.. အထူးသဖြင့် စိတ်ထွက်ပေါက်တွေကို မှတ်တမ်းထားမယ့်နေရာအဖြစ်
ငါသတ်မှတ်လိုက်တယ်..
ငါလိုလူတွေအားလုံး ဒီမှာ လွတ်လွတ်လပ်လပ် ရေးနိုင်တယ်.. ပြောနိုင်တယ်..
ဒါပေမယ့် ဆဲတော့မဆဲဖို့ မျှော်လင့်ပါတယ်..